မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် UA Zensen တောင်းဆို

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် UA Zensen တောင်းဆို

IUF ညီလာခံကြီးက အရေးကြီးသော ဆုံးဖြတ်ချက် အမှတ် (၁) အဖြစ် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ရရှိရေးနှင့် လူ့အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ညီလာခံကို ၂၈ ကြိမ်မြောက် အဖြစ် ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်က ဂျီနီဗာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို Food Rengo, UA ZENSEN, Service Tourism Rengo, Noh-Dan-Roh နှင့် UFCW North America တို့က တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ် ။

ဂျပန်နိုင်ငံ အလုပ်သမားသမဂ္ဂဖြစ်တဲ့ UA ZENSEN ဒုတိယဥက္ကဌဖြစ်သူ Brother Hiromu Kogure က မြန်မာအရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ အပြည်ပြည်ဆိုင်ရာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါဟာ စစ်အစိုးရနဲ့ တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက် ဖြစ်စေ ပူးပေါင်းဆောင်ရွက်နေမှု အဆုံးသတ်ဖို့အတွက် အရေးကြီးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။

မြန်မာအတွက် ဆက်လက်ပံ့ပိုးကူညီကာ အပြည်ပြည်ဆိုင်ရာကုမ္ပဏီများကို မြန်မာနိုင်ငံမှ “တာဝန်သိသိဖြင့် ထွက်ခွာ” စေဖို့ ဖိအားပေးပါ!

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်တာကာလ နောက်ပိုင်း အခြေအနေတွေဟာ တိုးတက် ကောင်းမွန် လာတာမျိုး မရှိပဲ အပြစ်မဲ့ပြည်သူများ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ သမဂ္ဂ အဖွဲ့ဝင်တွေလည်း အသတ်ခံရပြီး နေအိမ်တွေ မီးရှို့ခံရတဲ့ ကြေကွဲစရာ အခြေအနေတွေက ဆက်လက် ဖြစ်ပေါ်နေပါတယ်။

ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ဒီကနေ့အချိန်ထိ ပံ့ပိုးကူညီ ပေးနိုင် အောင် စီစဥ်ပေးခဲ့တဲ့အတွက် ဒေသဆိုင်ရာ အတွင်းရေးမှူး Brother Hidayat ကို အထူးလေးစားကြောင်း ပြောကြားလို ပါတယ်။

ဒီကနေ့အချိန်ထိတော့ UA ZENSEN အနေဖြင့် CTUM ကို အရေးပေါ်အကူအညီ ၃ ကြိမ် ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိပြီး အလုပ်သမားများ ငြိမ်းချမ်းစွာ အလုပ်လုပ်နိုင်ကြသည့် အချိန်ထိ ဆက်လက် ပါဝင် ကူညီသွား မယ်။

ကမ္ဘာကြီးက ယူရိန်းဘက်ကိုပဲ အာရုံစိုက်နေချိန်မှာ မြန်မာတွက်လည်း ဆက်လက်ပြီး ပိုမိုကူညီပံ့ပိုးပေးကြဖို့ ကိုလည်း တောင်းဆိုပါတယ်။

တခြား GUFs အဖွဲ့အစည်းတွေလုပ်ဆောင်နေကြသလိုပဲ ဒေသဆိုင်ရာ အတွင်းရေးမှူး Brother Hidayat ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံက “ တာဝန်သိသော ဆုတ်ခွာခြင်း” အပေါ် IUF မှ သိသိသာသာ လုပ်နေသည်ကို လည်း သိရှိရပါတယ်။

တကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်းကုမ္ပဏီ တော်တော်များများ မြန်မာနိုင်ငံမှာ ရှိနေပြီး လုပ်ငန်းဆက်လက် လည်ပတ်နေဆဲလည်း ဖြစ်ပါတယ်။

တချို့ကလည်း ဒီကုမ္ပဏီတွေကို ထွက်ခွာဖို့ တောင်းဆိုတာဟာ “ကျွန်ုပ်တို့ အဖွဲ့ဝင်များ အလုပ်အကိုင်မဲ့” စေတယ် လို့ ဆိုကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းကျကျ လှုပ်ရှားနေတဲ့ သမဂ္ဂများဟာ ဖိနှိပ်ခံနေ ကြရပြီး “အဝါရောင် သမဂ္ဂ” လို့ ခေါ်ကြတဲ့ စစ်အာဏာရှင် အလိုကျ အဖွဲ့အစည်းများကသာ ပိုမို ကြီးစိုးနေ ပါတယ် ။ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ အလုပ်တော်တော်များများကိုလည်း အဖွဲ့ဝင် မဟုတ်သော၊ ပုံမှန်မရှိသော လုပ်သားတွေ အစားထိုးနေတာကိုလည်း ကြားသိရပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးစံညွှန်းအတိုင်း ကျင့်သုံးရန် မဖြစ်နိုင်တော့ပါ။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားကုမ္ပဏီများကို ပိုမိုဖိအားပေးရန် IUF ကို တောင်းဆိုရင်းဖြင့် ကျွန်တော်ရဲ့ မိန်ခွန်းကို နိဂုံးချုပ်အပ် ပါတယ်။

UA ZENSEN သည် ဂျပန်အထည်အလိပ်၊ ဓာတု၊ ကူးသန်းရောင်းဝယ်ရေး၊ အစားအသောက်နှင့် အထွေထွေ ဝန်ဆောင်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဖြစ်ပြီး ကဏ္ဍအသီးသီး အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂ ဖြစ်ပါတယ်။
UA ZENSEN အဖွဲ့ဝင် ၁.၈ သန်းကျော် ရှိပြီး လုပ်ငန်းခွင့် အကြမ်းဖက်မှုရပ်တန့်ဖို့ လှုပ်ရှားမှုတွေ ပြုနေတယ်လို့ သိရှိထားပါတယ်။

Link >>> https://www.facebook.com/photo/?fbid=671376365034633&set=a.598945075611096