မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- CTUM ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- CTUM ထုတ်ပြန်ကြေညာချက်

“အတင်းအဓမ္မ စစ်မှုထမ်း ခိုင်းစေမှုသည် အဓမ္မခိုင်းစေခြင်း ဖြစ်သည်” မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- CTUM အနေဖြင့်  မင်းအောင်လှိုင်အကြမ်းဖက်စစ်အုပ်စု၏   တိုင်းပြည်၏အခြေခံအုတ်မြစ်ကို မီးရှို့ဖျက်ဆီးခြင်းအား ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း ထုတ်ပြန်ကြေညာခြင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် တရားမဝင်အကြမ်းဖက်စစ်အုပ်စုမှ  ဥပဒေမဲ့ ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ အမိန့်ကြော်ငြာစာကို  မြန်မာနိုင်ငံလုံးဆိုင်ရာ  အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်- CTUM မှ ပြင်းထန်စွာ ရှုတ်ချပါသည်။

မင်းအောင်လှိုင်အကြမ်းဖက်စစ်အုပ်စုသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကိုယ်စား ပြုခွင့်မရှိသည့်အပြင် အာဆီယံအဖွဲ့အတွင်း ဝန်ကြီးအဆင့်တွင် ပါဝင်ခွင့်မရဘဲ မင်းအောင်လှိုင်နှင့် အပေါင်းအပါ အဖွဲ့ဝင်အားလုံးသည် တရားမျှတမှုနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးတွင် တရား ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့် (၄)လတာ ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မြို့/ရွာများ(၄၁)ခု နှင့်အတူ မရေတွက်နိုင်သော စစ်စခန်းများဆုံးရှုံးခဲ့ပြီး ရေယာဉ်သုံးစင်း ပျောက်ဆုံးကာ ရဟတ်ယာဉ် နှစ်စင်းနှင့် ဂျက်တိုက်လေယာဉ်နှစ်စင်း ဆုံးရှုံးခဲ့ပါသည်။ ထို့ပြင် ၎င်း၏စစ်သားများသည် မြန်မာနိုင်ငံ၏အာဏာရှင်စနစ်ကိုဖယ်ရှားရန် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားများထံ လက်နက်များစွာ ဆုံးရှုံးခဲ့ပြီး ထိုင်းနိုင်ငံ၊ တရုတ်၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့      ကြသည်။

မင်းအောင်လှိုင် အကြမ်းဖက်စစ်အုပ်စု၏ လက်တုံ့ပြန်မှုသည် နိုင်ငံရေး အကျဉ်းသားများကို ဆွဲချခြင်း၊ လက်နက်မဲ့ပြည်သူများ၊ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ဗုံးကျဲခြင်း၊ ရွာများကို မီးရှို့ခြင်းနှင့် လူများကို အရှင်လတ်လတ် မီးရှို့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဤပြည်သူ့ စစ်မှုထမ်းအမိန့်ကြော်ငြာ ထုတ်ပြန်ချက်သည် စနစ်ပြောင်းလဲမှုကို လိုလား၍ တော်လှန်နေကြသော လူငယ်များနှင့်  အခက်အခဲများကြားမှ ကြံ့ကြံ့ခံ၍ တိုက်ပွဲဝင်နေကြသည့် CDM ပြုလုပ်နေကြသည့် နိုင်ငံ့ဝန်ထမ်း(၃၀၀,၀၀၀) ခန့်ကို  တိုက်ရိုက် တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းသည် အဓမ္မခိုင်းစေမှု ဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စုသည် ILO ၏ Commission of Inquire -  COI အစီရင်ခံစာကို သဘောမတူကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ပြည်သူ့စစ်မှု့ထမ်းအမိန့်ကြော်ငြာချက်သည် နိုင်ငံတကာ အလုပ်သမား စံနှုန်းများကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်ပြီး စိန်ခေါ်ခြင်းဖြစ်သည်။ CTUM အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်- ITUC နှင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်-Global Unions များအား တိုက်တွန်းတောင်းဆိုထားသည်မှာ  အကြမ်းဖက် စစ်ကောင်စီ အပေါ် အရေးယူမှုကို  ILO ၏ ၂၀၂၄ ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် International Labor Conference - ILC ကို မစောင့်ဘဲ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြုလုပ်မည့် ILO Governing Body အုပ်ချုပ်ရေးအဖွဲ့တွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ(၃၃)ကို အမြန်ဆုံး အတည်ပြုပေးပါရန် ဖြစ်ပါသည်။

မင်းအောင်လှိုင်အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ ကျရှုံးနေမှန်း သိလျက်နှင့် တိုင်းပြည်၏ အခြေခံအုတ်မြစ်များကို မီးရှို့ဖျက်စီးပြီး လောင်တိုက်သွင်းနေသည့် ၎င်းတို့၏အားထုတ်မှုအား  ဖြိုခွင်းရန်အတွက် ကျွန်ုပ်တို့ အားလုံး စည်းလုံးညီညွတ်ကြရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- CTUM အနေဖြင့် မိမိတို့ လိုလားသည့်  ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် လုပ်ရပ်များကို လုံးဝဆန့်ကျင်ကန့်ကွက်၍  ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

အကြမ်းဖက်စစ်အုပ်စု၏ပျက်စီးဆုံးရှံးမူရင်းပိုစ့်များ-

လေးစားစွာဖြင့်မောင်မောင်ဥက္ကဋ္ဌ

Source >>> https://www.facebook.com/ftub.burma/posts/pfbid02rLPgLVNsY7kVzScMfAQrRn6qmhzdz1Nhh1DPG2kDbEYXb2jCRbTexhd3XKBW3QxCl