MLA’s statement to clarify that the NUG MOFA statement of 2024 January 1 on China does not represent our views

MLA’s statement to clarify that the NUG MOFA statement of 2024 January 1 on China does not represent our views

မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ- နိုင်ငံခြားရေး ဝန်ကြီးဌာန (NUG- MOFA) မှ ထုတ်ပြန်သည့် “The National Unity Government's Position on China - မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် ရပ်တည်ချက်” ခေါင်းစဉ်ဖြင့် ကြေညာချက်သည် မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု- MLA ၏ မူဝါဒနှင့် ရှုမြင်မှုများကို ကိုယ်စားပြုခြင်း မဟုတ်ကြောင်းထုတ်ပြန်ချက်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ- နိုင်ငံခြားရေးဝန်ကြီး ဌာန (NUG- MOFA) မှ ထုတ်ပြန်သည့် “The National Unity Government's Position on China - မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် ရပ်တည်ချက်” ခေါင်းစဉ်ဖြင့် ကြေညာချက်သည် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု- MLA ၏ မူဝါဒနှင့် ရှုမြင်မှုများကို ကိုယ်စား ပြုခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ ကြေညာအပ်ပါသည်။မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေ ကြောင်း မြန်မာအလုပ်သမားတပ်ပေါင်းစု- MLA မှ သိရှိသည့်အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အိမ်နီးချင်းများနှင့် ကင်းကွာ၍ နေလို့ မရနိုင် ဆိုသည်ကိုလည်း နားလည်ပါသည်။ တစ်ချိန်တည်းမှာပင်၊ အိမ်နီးချင်းကောင်းတစ်ဦးသည် ငွေကြေး၊ စီးပွားရေး၊ သံတမန်ရေး သို့မဟုတ် စစ်ရေးဖိအားများမှ တစ်ဆင့် အခြားသူတစ်ဦးကို လွှမ်းမိုးရန် မကြိုးစားသင့်သလို မိမိတို့သည်လည်း ကိုယ်ပိုင်မူများ အပေါ် တွင်လည်း ရပ်တည်ပါသည်။

 မြန်မာနိုင်ငံသည် တော်လှန်ရေးကာလတစ်ခုတွင်း ရောက်ရှိနေသော်လည်း ကျွန်ုပ်တို့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူအားလုံးသည် ဘုံရည်မှန်းချက် တစ်ခုဖြစ်သည့် မတရားအုပ်ချုပ်နေသည့် စစ်အာဏာရှင်နှင့် မည်သည့်အာဏာရှင်စနစ်ကိုမှ လက်မခံရန် ပြင်းထန်စွာ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

 ဒုတိယ ရည်မှန်းချက်ကို FDC. (1) ပြဌာန်းချက်နှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖယ်ဒရယ် ယူနစ်များမှ အဆင့်ဆင့် တင်ပြလာသည့် အကြံပြုချက်များကို အများပါဝင်သည့်မူဝါဒများချမှတ်လုပ်ဆောင်သော (bottom-up approach) ချဉ်းကပ်မှုဖြင့် ဖက်ဒရယ် ဒီမိုကရက်တစ် စနစ် ဖော်ဆောင်ရန် ဖြစ်သည်။

 မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု MLA သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ကောင်စီNUCC ၏ အဖွဲ့ဝင် အဖွဲ့အစည်း အဖြစ် NUCC နှင့် NUG အကြား မဟာဗျူဟာ စာတမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။ ထိုစာတမ်းတွင် “စစ်အာဏာရှင်အား အကျိုးဖြစ်ထွန်းစေသည့် ရင်းနှီးမြှပ်နှံမှုအားလုံးနှင့် ၎င်း၏ အပေါင်းအပါခရိုနီများကို နာမည်ပျက်စာရင်းသွင်းရန်၊ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်ပြီး ရပ်ဆိုင်းစေရေးဆောင်ရွက်သွားရန်” ဆိုသည့် အချက်များကို ၂.၁၁၊  ၂.၁၂၊ ၂.၁၃ တို့တွင် ရှင်းလင်းစွာ ရေးသားဖော်ပြထားသည်။ NUG နှင့် MLA နှစ်ရပ်လုံးအပြင် NUCC နှင့် ၎င်း၏ အဖွဲ့ဝင်များသည် ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက် အဆိုပါအချက်များကို ၂၀၂၂ ခုနှစ် မေလတွင် သဘောတူရေးဆွဲခဲ့ ကြခြင်းဖြစ်သည်။NUG နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ကြေညာချက်ပါ နံပါတ် (၇) တွင် “တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်” measures will be taken to safeguard Chinese economic investments and other socio-economic enterprises within Myanmar   ဟု ဖော်ပြထားသည်။ ဤအချက်သည် အထက်ဖော်ပြပါ NUCC နှင့် NUG ပူးတွဲမဟာဗျူဟာစာတမ်းပါ အချက်များနှင့် လုံးဝကွဲလွဲနေသည်။ NUG ကြေညာချက်ပါ နံပါတ် (၇) သည် ပူးတွဲရေးဆွဲ သဘောတူထားသည့် မဟာဗျူဟာ စာတမ်းပါ အချက်များနှင့်လုံးဝကွဲလွဲနေပါ၍  မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု-MLA မှ ကန့်ကွက်သည်။

 ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့တွင် NUG၊ NUCC နှင့် တိုင်းရင်းသား ခေါင်းဆောင် များသည် "ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် EU သို့ ပရာ့ဂ်မြို့ ပန်ကြားချက် "စာကို ထုတ်ပြန်ခဲ့ သည်။ ထိုတောင်းဆိုချက်စာတွင် “နိုင်ငံတကာအရေးယူပိတ်ဆို့မှုများသည် ပြည်သူလူထုအပေါ် စစ်ပြုညှင်းဆဲ သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ဆောင်နိုင်စွမ်းကို ကြီးမားစွာ ထိခိုက်စေနိုင်သည့် အတွက်၊ EU မှ ချမှတ်ပြီးသား ပိတ်ဆို့အရေးယူမှုတွေကို အကော်အထည်ဖော်ရေး ဆောင်ရွက်နေစဉ် တွင်၊ စစ်ကောင်စီနှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများနဲ့ လေယာဉ်ဆီကဏ္ဍများကို ပိတ်ဆို့အရေးယူရေး တိုးချဲ့ဆောင်ရွက်ပေးပါ ရန်”  တောင်းဆိုခဲ့သည်။ပန်ကြားချက်ပါ ဤစာပိုဒ်သည် ပူးတွဲမဟာဗျူဟာစာတမ်းကို ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပြီး စစ်အာဏာရှင်ထံသို့ စီးဝင်နေသည့် ဘဏ္ဍာရေးဝင်ငွေများကို ရပ်တန့်ပေးရန် EU အား ရည်ရွယ်  တောင်းဆိုခြင်း ဖြစ်ပါသည်။ သို့သော် ၂၀၂၄ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်သည့် NUG-MOFA ၏ထုတ်ပြန်ချက်တွင် "တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့် မြန်မာနိုင်ငံအတွင်း အခြားသော လူမှုစီးပွားလုပ်ငန်းများကိုအကာအကွယ်ပေးရန်အတွက် ဆောင်ရွက်သွားမည်" ဟုကြေငြာ ခဲ့ခြင်းသည် NUG, ERO, NUCC တို့ မှ EU နိုင်ငံများအားလုံးနှင့် အနောက်နိုင်ငံများမှ ရင်းနှီးမြှပ်နှံမှုများကို ပိတ်ဆို့အရေးယူရန်တောင်းဆိုနေချိန်တွင် “တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရန် ဟူသည့် မတူညီ ကွဲပြားခြားနားသော မူဝါဒ ရှိကြောင်း ကမ္ဘာကိုပြသလိုက်ခြင်း ဖြစ်သည်။ NUCC နှင့် NUG ပူးတွဲမဟာဗျူဟာစာတမ်းတွင် စစ်အာဏာရှင်ကို ပံ့ပိုးပေးသည့် ရင်းနှီးမြှုပ်နှံမှု အားလုံးကို တစ်ပြေးညီ ထုတ်ပယ်ရန် တောင်းဆိုထားသည်ကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု-MLA မှ အပြည့်အဝ ထောက်ခံသည်။NUG ၏ တစ်ပြေးညီမဟုတ်သော၊ တရုတ်ရင်းနှီး မြှုပ်နှံမှု များကို သီးသန့်အကာအကွယ်ပေးရေး မူဝါဒ ကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု-MLA မှ ကန့်ကွက်သည်။

 ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် NUG ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက် ၁/၂၀၂၃ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါသည်။အဆိုပါ ထုတ်ပြန်ချက်၏ အပိုဒ် (၄) တွင် “UMFCCI ၏ အမည်ကို အသုံးပြု၍လည်းကောင်း၊ ပိုင်ဆိုင်မှုများနှင့် ငွေကြေးများ ကို အသုံးပြု၍လည်းကောင်း၊ UMFCCI နှင့် ဆက်လက် လုပ်ကိုင်နေသော အလုပ်ရှင်များ၊ ဝန်ထမ်းများအား တည်ဆဲ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနှင့် စည်းမျဥ်းများအား ကိုးကား၍ အရေးယူသွားမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။ပုဂ္ဂလိကကဏ္ဍတွင် လယ်ယာစိုက်ပျိုးရေးတွင်ဖြစ်စေ၊ စက်မှုလုပ်ငန်းကဏ္ဍတွင်ဖြစ်စေ အကြီး မားဆုံး ရင်းနှီးမြုပ်နှံသူအုပ်စုသည်တရုတ်နိုင်ငံမှဖြစ်ပါသည်။ ၎င်းတို့သည် UMFCCI နှင့် လက်တွဲလုပ် ဆောင်လျက်ရှိပြီး NUG ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့ တွင် ထုတ်ပြန်သည့် “ NUG ၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် ရပ်တည်ချက်” ပါ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးမည် ဆိုသည့်အချက်ကို ကိုးကားပြီး နိုင်ငံတွင် ဆက်လက်ဆောင်ရွက်နေကြမည်ဖြစ်သည်။ NUG MOFA ထုတ်ပြန်ချက် ၁/ ၂၀၂၄ သည် NUG  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၁/၂၀၂၃ နှင့် ဆန့်ကျင်လျှက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ပျက်ပြယ်စေပါ၍ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု-MLA မှကန့်ကွက်သည်။

 တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဗီတိုပါဝါရှိသော နိုင်ငံဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးများတွင် ဗီတို (Veto) အာဏာသုံး၍ သော်၎င်း၊  ILO အစည်းအဝေးများ တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော တွန်းတွန်းတိုက်တိုက် ဆုံးဖြတ်ချက်များကို ချမှတ် နိုင်ခြင်း မရှိစေရန် ဆယ်စုနှစ်များစွာ၊ ကြိမ်ဖန်များစွာငြင်းပယ်ခဲ့သည်   ။ တရုတ်နိုင်ငံအနေဖြင့် Veto အာဏာကို အသုံး ပြုခဲ့ခြင်းကြောင့် စစ်အာဏာရှင် အဆက်ဆက် (ယခင်နှင့်ယခု) သည် အာဏာ အလွဲသုံးစားလုပ်၍ ပြည်သူများအပေါ် ညှင်းဆဲဖိနှိပ် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ုပ်တို့ မြန်မာ နိုင်ငံသားများသည် ထို Veto အာဏာများ၏ဒဏ်ကို အကြီးအကျယ် ဆိုးရွားစွာ ခံစားခဲ့ရသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်၎င်း၏နယ်စပ်(border)ဆိုင်ရာမူဝါဒ၊ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးမူဝါဒ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးမူဝါဒနှင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှု တိုက်ဖျက်ရေး မူဝါဒများ ရှိသည်။ တရုတ်နိုင်ငံသည် ၎င်းအတွက် အဆင်မပြေဖြစ်လာသည့် အခါမှသာလျှင် လူကုန်ကူးမှု ကျူးလွန်သူများနှင့် အွန်လိုင်းမှတဆင့် လိမ်လည်မှုဆိုင်ရာ ကျူးလွန်မှုများကို အရေးယူ ကြောင်း ကျွန်ုပ်တို့ သတိပြုမိသည်။ One China Policy (တရုတ်တနိုင်ငံတည်းမူဝါဒ)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မူဝါဒ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်းတို့၏ ကိုယ်ပိုင်မူဝါဒကို ချမှတ် ပိုင်ခွင့်ရှိသည်။မြန်မာ့တော်လှန်ရေးတွင်ယခုထိ ကိုယ်တိုင်ပါဝင်သည့် NUG သည် ၎င်း၏ တရုတ်နိုင်ငံဆိုင်ရာ ရပ်တည် ချက်ကြေညာချက်တွင် “တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရုတ်ပြည်ဖြစ်ရေး (One China Principle) မူဝါဒကို လက်ကိုင်ထားပြီး ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ထောက်ခံပံ့ပိုးသွားမည်” The One China principle will be upheld and supported in a sustained manner.  ဟု မြန်မာနိုင်ငံ၏ အမျိုးသားရေးမူဝါဒကဲ့သို့ ဖော်ပြခဲ့သည်။ သို့သော် တစ်ပါတီ စနစ်ပြောင်းလဲရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းပေါ်ပေါက်လာရေး အတွက်၊ ရန်သူများ၏ မျက်စိအောက်တွင်အန္တရာယ်များကြားမှ မြေအောက်လှုပ်ရှားမှုကို ဆက်လက် ထိန်းသိမ်းပြီး တရုတ်သံရုံးအား ဆန္ဒပြအကောင်အထည်ဖော်ဆောင်ရွက်နေသောလူငယ်များ၊ ပြည်သူ များ၊ လက်နက်ကိုင်တိုက်ပွဲဝင်နေသော GZ များ၊  ပင်ပန်းခက်ခဲစွာ ရှာဖွေရရှိသည့် ဝင်ငွေများဖြင့် တော်လှန်ရေးကို ထောက်ပံ့နေသော မျိုးဆက်သစ်များအားလုံး၊ CDM အားလုံး၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးသည် NUG ရေးသားထားသည်ကို မူဝါဒ အဖြစ်ကို သဘောတူနိုင်မည် မဟုတ်ပေ။One China Policy (တစ်ခုတည်းသော တရုတ်ပြည်ဖြစ်ရေး မူဝါဒ) သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မူဝါဒဖြစ်သည်။  ထိုပေါ်လစီကို လက်ကိုင်ထား၊ ထောက်ခံပံ့ပိုးသွားမည် ဟူသော NUG ၏ ထုတ်ပြန်ကြေညာ ချက်သည်၊ မြန်မာနိုင်ငံတစ်ခုလုံးမှ သဘောတူထားသော ပေါ်လစီကဲ့သို့ သဘောသက်ရောက်နေသည့် အတွက် တော်လှန်ရေးကာလအတွင်းတွင်ပင်ရှိနေသေးသည့် NUG ၏ သဘောထားထုတ်ပြန်ချက် အမှတ်( ၄ ) အား မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု MLA မှ ကန့်ကွက်သည်။ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု MLA  သည် အထက်ဖော်ပြပါ မူဝါဒများနှင့် စပ်လျဉ်း၍ ပိုမို ကောင်းမွန်သော ဆွေးနွေး ဖလှယ်မှုများ ပြုလုပ်နိုင်ရန် အဆင်သင့်ရှိပါသည်။

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု-MLAဆက်သွယ်ရန် - myanmarlaboralliance@protonmail.com   SC/893912 January 2007  Security Council SC/8939 Department of Public Information • News and Media Division • New YorkSecurity Council .  5619th Meeting (PM) SECURITY COUNCIL FAILS TO ADOPT DRAFT RESOLUTION ON MYANMAR,  OWING TO NEGATIVE VOTES BY CHINA, RUSSIAN FEDERATIONVote is 9 in Favour to 3 Against, with 3 Abstentions                                                                                                                       The Security Council this afternoon failed to adopt a draft resolution on the situation in Myanmar -- owing to vetoes by China and the Russian Federation -- by which it would have called on Myanmar’s Government to cease military attacks against civilians in ethnic minority regions and begin a substantive political dialogue that would lead to a genuine democratic transition.The result of the vote on the draft, tabled by the United States and the United Kingdom, was 9 in favour to 3 against (China, Russian Federation, South Africa), with 3 abstentions (Congo, Indonesia, Qatar).

Source >> https://www.facebook.com/myanmarlaboralliance/posts/pfbid0xw42yGxWU4TWnW2HFFVqLo4jeRT2JQj67Q6s25MKxquWzRrcrXhqTrFAnoCNPS1al