ILO ညီလာခံတွင် စစ်မှန်​သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်နိုင်​ရေး ​ဆွေး​နွေး

ILO ညီလာခံတွင် စစ်မှန်​သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်နိုင်​ရေး ​ဆွေး​နွေး

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့်  အလုပ်သမားရေးဝန်ကြီးဌာန ၊နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည်

U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee နှင့် U.S. Department of State

Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez အပါအဝင် အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄  ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ ၊ International Labor Conference တွင် စစ်မှန်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်ပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထိရောက်သော လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့်ပါတ်သက်၍လုပ်ဆောင်နိုင်မည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။