မြန်မာနိုင်ငံမှ ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်ခြင်း

မြန်မာနိုင်ငံမှ ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်ခြင်း

၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်

မြန်မာနိုင်ငံမှ ရဲရင့်သော အလုပ်သမားသမဂ္ဂခေါင်းဆောင် ခိုင်ဇာအောင်အား 2024 ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအခွင့်အရေးအတွက် ချီးမြှင့်သော Arthur Svensson ၏ International Prize for Trade Union Rights ကို ချီးမြှင့်သည်။ ခိုင်ဇာအောင်သည် အထည်ချုပ်လုပ်သားဟောင်းဖြစ်ပြီး အသက် ၁၆ နှစ်တွင် အထည်ချုပ်လုပ်ငန်း၌ စတင်လုပ်ကိုင်ခဲ့သည်။

သူမသည် လွန်ခဲ့သော ၁၇ နှစ်က ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီး အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်ပရောက်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအား ၎င်းတို့၏ ရပိုင်ခွင့်များအား သင်တန်းပေးမှုများတွင် ပါဝင်ခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်ချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ၏ ဦးဆောင်သူ ဖြစ်လာပြီး မြန်မာနိုင်ငံတွင် 2012 ခုနှစ်အထိ ပိတ်ပင်ခြင်းခံထားခဲ့ရသည့် အကြီးဆုံး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ ဦးဆောင်အဖွဲ့ဝင်လည်း ဖြစ်သည်။

လုပ်အားခ စျေးပေါသောကြောင့် Brands အမှတ်တံဆိပ်အများအပြားသည် ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှုနှင့် ထုပ်လုပ်မှုကို အလျင်အမြန် တိုးချဲ့လာခဲ့သည့် မြန်မာအထည်ချုပ်လုပ်ငန်းမှ လုပ်သား အမျိုးသမီးငယ်များအား သူမ၏ ဦးဆောင်မှုအောက်တွင် စုစည်းနိုင်ခဲ့ သည်။ ၂၀၂၁ ခုနှစ်တွင် သွေးထွက်သံယိုမှုများသည့် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ခိုင်ဇာအောင်သည် တစ်ကြိမ် ထပ်မံ၍ ပြင်ပတွင် နေထိုင်ရန် တွန်းပို့ခြင်း ခံရပြန်သည်။ ယခုတစ်ကြိမ်တွင် ဂျာမနီ တွင် ဖြစ်သည်။

ဥရောပနှင့် ကမ္ဘာ့ဖိုရမ်များတွင် မြန်မာ အလုပ်သမားသမဂ္ဂလှုပ်ရှားမှု၏ အသံအဖြစ် ထင်ရှားသူ ဖြစ်လာသည်။ သူမသည် နိုင်ငံတကာအဆင့်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ခြင်း၊ နိုင်ငံတကာ သွေးစည်းညီညွတ်ရေးရရှိရေးအတွက် စည်းရုံလှုံ့ဆော်ခြင်း၊ နိုင်ငံတကာ အမှတ်တံဆိပ်များ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဖိအားပေးခြင်း၊ စစ်အာဏာရှင် အာဏာရယူထားသည့် ကာလတွင် ကုန်သွယ်ရေး အထူးအခွင့် အရေး ပေးထားမှုများကို ရုပ်သိမ်းရန် လှုံ့ဆော်ခဲ့သည်။

စစ်အာဏာရှင်သည် ယခုအခါ စစ်အင်အားသုံး၍ သုံးနှစ်ကြာ အုပ်ချုပ်လာခဲ့သည်။ အနည်းဆုံး လူ လေးထောင့်ခြောက်ရာ သေဆုံးပြီး နှစ်သောင်းခွဲကျော် သုံးသောင်းနီးပါး ဖမ်းဆီးခံခဲ့ရသည်။ ထိုထဲတွင် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော အလုပ်သမားသမဂ္ဂ တက်ကြွလှုပ်ရှားသူများ အများအပြား ပါဝင်သည်။ စစ်အာဏာရှင်သည် လူ့အခွင့်အရေးကို လေးစားမှု မရှိပါ။

အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုသည် ကြီးမားသော ဆန္ဒပြပွဲများနှင့် စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ပွဲဝင်ရာ တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအဖွဲ့အစည်းများသည် ကျယ်ပြန့်သော အလုပ်သမားမဟာမိတ်အဖွဲ့ (Myanmar Labour Alliance) ကို ဖွဲ့စည်းခဲ့ကြပြီး ဒီမိုကရေစီအစိုးရ (National Unity Government, NUG) ကို ထောက်ခံသည့် နိုင်ငံလုံးဆိုင်ရာ အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်၊ ပံ့ပိုးခဲ့ကြသည်။

စစ်တပ်မှ အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းရင်းသားလူမျိုးစုများ၊ လူငယ်များ၊ ကျောင်းသားများ၊ နိုင်ငံရေးအစုအဖွဲ့များနှင့် အလုပ်သမား သမဂ္ဂများ အကြား ခိုင်မာသော မဟာမိတ်ဖွဲ့မှုများ ပေါ်ပေါက်လာခဲ့ပြီး ပြန်လည်ထူထောင်ရေးသာမကဘဲ ၂၀၂၁ ခုနှစ်မတိုင်မီ နိုင်ငံရေးအခြေအနေမျှသာမကဘဲ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ထူထောင်ရေးအတွက်တောင်းဆိုတိုက်ပွဲဝင်လျက် ရှိကြသည်။ ထိုမဟာမိတ်ဖွဲ့မှုတွင် ခိုင်ဇာအောင် ကဲ့သို့သော ခေါင်းဆောင်များနှင့်အတူ အမျိုးသမီးအထည်ချုပ်အလုပ်သမားများသည် အလွန်အရေး ကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။ ယနေ့တွင် တော်လှန်ရေး လှုပ်ရှားမှုသည် တိုးတက်မှုရှိနေပြီး အောင်မြင်နိုင်မည်ဟု အမှန်တကယ်မျှော်လင့်ချက်ရှိပါသည်။ ဤဆုချီးမြှင့်မှုဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်မှုနှင့် အခြေခံ အလုပ်သမား အခွင့်အရေးများအပါအဝင် စစ်မှန်သောဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုအပေါ် မီးမောင်းထိုးပြနိုင်မည်ဟု ဆုချီးမြှင့်ရေးကော်မတီမှ မျှော်လင့်ပါသည်။

ဤတိုက်ပွဲတွင် အလုပ်သမားသမဂ္ဂလှုပ်ရှားမှု၊ အလုပ်သမား သမဂ္ဂကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များသည် လုံးဝ အချက်အချာ ဖြစ်သည်။ ခိုင်ဇာအောင်သည် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းအတွက် အချိန်တိုင်းကို ပေးဆပ်သူတိုင်း၏ သင်္ကေတဖြစ်သည်။

References: https://www.svenssonstiftelsen.com/post/khaing-zar-aung-fra-myanmar-f%C3%A5r-arthur-svensson-prisen-for-2024?fbclid=IwAR0ohBVR4bmSG1bg35xhIFDCkuaNBg979Q2lTrZDCM3R3mhffP9wYqt9pvo

Youtube: https://www.youtube.com/watch?v=x6uVLTY_Mhk