EU က မြန်မာနိုင်ငံမှာ လုပ်နေတဲ့ EU မူဝါဒနဲ့ မညီတဲ့ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်တွေအတွက် တုံ့ပြန်ဆောင်ရွက်သွားရန် လုပ်ငန်းတွေကို ဆွေးနွေးခဲ့

EU က မြန်မာနိုင်ငံမှာ လုပ်နေတဲ့ EU မူဝါဒနဲ့ မညီတဲ့ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်တွေအတွက် တုံ့ပြန်ဆောင်ရွက်သွားရန် လုပ်ငန်းတွေကို ဆွေးနွေးခဲ့

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှု လက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM မှ အဖွဲ့ဝင်ထားသော အပြည်ပြည်ဆိုင်ရာ စွမ်းအင် သတ္တုတွင်း စက်မှု ကုန်ထုတ်အဖွဲ့ချုပ် IndustriALL ၏ မူဝါဒရေးရာ ညီလာခံကို  တောင်အာဖရိက နိုင်ငံ Cape Town တွင် တက်ရောက်ခဲ့ပါသည်။ ကိုဗစ်ကြောင့် နှစ် အနည်းငယ်ကြာ သမဂ္ဂတွေ မျက်နှာစုံညီအစည်းအဝေး မပြုလုပ်နိုင်ခဲ့ပါ။ အခုလို မျက်နှာစုံညီအစည်းအဝေးကို ပြုလုပ်နိုင်တာ အရမ်းကို ဝမ်းသာရပါတယ်။ IWFM ရဲ့အဖွဲ့ဝင်များကိုလည်း အများကြီး သတိရတယ်။ သူတို့ရဲ့ ပြည်တွင်းမှာ လှုပ်ရှားမှုတွေကြောင့် ။ လုပ်ဆောင်မှုတွေမှ ရလာဒ်တွေ ကြောင့် IndustriALL အဖွဲ့ချုပ်မှာ မျက်နှာ မငယ်ရဘဲ ဆက်လက် ပါဝင်နေနိုင်တယ်။


ဒီနေ့ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး သီးသန့် အစည်းအဝေး လုပ်ဖြစ်ပါတယ်။ အခွင့်အရေးချိုးဖောက်တဲ့ အလုပ်ရှင်တွေ။ Brands တွေ ။ EU က မြန်မာနိုင်ငံမှာ လုပ်နေတဲ့ EU မူဝါဒနဲ့ မညီတဲ့ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်တွေအတွက် တုံ့ပြန်ဆောင်ရွက်သွားရန် လုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်။ စစ်တပ်ရဲ့ ဒေါက်တိုင်တွေကို တန်ပြန်ဖို့ ဆွေးနွေးခဲ့သလို NUG အစိုးရကို အပြည်ပြည်ဆိုင်ရာ မှ အသိအမှတ်ပြုမှု ရရှိရေး။ စစ်တပ်ကို မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာက ပိုမို ထိရောက်တဲ့ ဖိအားပေးရေး ကိစ္စ များကိုလည်း ဆွေးနွေးခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာမှ ညီအစ်ကို မောင်နှမများ က IWFM မှ ညီအစ်ကို မောင်နှမများကို အမှာ စကား ပါးလိုက်ပါတယ်။


ငါတို့ အတူတူ တိုက်တယ်။ အားမလျော့နဲ့။ မြန်မာနိုင်ငံ မှာ ပြန်ပြီး ဒီမိုကရေစီရပြီး သမဂ္ဂတွေ ပြန်ထူထောင်နိုင်လိမ့်မယ်တဲ့။ တို့ သမဂ္ဂ ညီအစ်ကို မောင်နှမတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အားလုံး ပေါင်းပြီး စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ပိုပြီး အားထုတ် ဆောင်ရွက်သွားကြစို့လေ။
မခိုင်ဇာ
ဥက္ကဌ
IWFM
20-22 June 2023