ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ILO အုပ်ချုပ်ရေးအဖွဲ့ (Governing Body) ၏ ဆုံးဖြတ်ချက်

၈  နို၀◌င်ဘာလ ၂၀၂၃

က) ILO အုပ်ချုပ်ရေးအဖွဲ့သည်  ILO  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့ စည်းထားသော ILO စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် ဖွဲ့စည်းခွင့်ကို အကာအကွယ်ပေးရေး ပြဌာန်းချက် ၁၉၄၈ ခုနှစ် (အမှတ် ၈၇)၊ အဓမ္မလုပ်အားပေး စေခိုင်းမှု ပြဌာန်းချက် ၁၉၃၀ (အမှတ် ၂၉) ဆိုင်ရာ အစီရင်ခံစာနှင့် စစ်အာဏာပိုင်များထံမှ ပြန်ကြားစာ ကို မှတ်တမ်းတင်သည်။

ခ) ILO စုံစမ်း စစ်ဆေးရေး ကော်မရှင်ထံ သတင်းအချက်အလက်ပေးဆောင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ် လက်တုံ့ပြန်သည့် လုပ်ရပ်မှန်သမျှကို ရပ်တန့်ရန် တပ်မတော်အာဏာပိုင်များအား ILO အုပ်ချုပ်ရေးအဖွဲ့မှ တိုက်တွန်းသည်။

ဂ) လာမည့် ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပမည့် ၃၅၀ ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး တွင် ဆွေးနွေးရန် ပြင်ဆင်ထားရန်အတွက် ညွှန်ကြားရေးမှူးချုပ်အား ILO အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ပေးအပ်သည်မှာ  " မြန်မာနိုင်ငံ စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ တပ်မတော် အာဏာပိုင်များက စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်များကို လက်မခံဘဲ အပြည့်အ၀ ဆောလျင်စွာ အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုခြင်း မရှိ ပါက " ၊ စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံမှ လိုက်နာမှုရရှိစေရန် အတွက် ညွန်ချုပ် သည် ILO ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မျှော်မှန်းထားသည်များ အပါအဝင် ဖြစ်နိုင်ခြေရှိသော နောက်ထပ်အစီအမံများပါဝင်သည့် အစီရင်ခံစာကို ပြင်ဆင်ရန် ဖြစ်ပါသည်။ https://www.ilo.org/gb/GBSessions/GB349/ins/WCMS_901415/lang--en/index.htm